Local News

ကြက်သွန်နီစျေးများ ပြန်လည်တက်လာ

Last Updated:

ကြက်သွန်နီစျေးများ ပြန်လည်တက်လာ

မကွေးတိုင်းဒေသကြီးအတွင်း ယခင်ရက်ပိုင်းတွင် ကြက်သွန်နီစျေး အနည်းငယ်ကျဆင်းသွားသော်လည်း ယခုရက်ပိုင်းတွင် စျေးပြန်တက်လာတာကို တွေ့ရပါတယ်။ ကြက်သွန်နီစျေးတွေမှာ ဇွန်လဆန်းပိုင်းလောက်မှစ၍ စျေးတက်ခဲ့သော်လည်း ဇူလိုင်လတွင် စျေးအနည်းငယ်ပြန်ကျသွားကာ ယခု သြဂုတ်လဆန်းပိုင်းတွင် စျေးပြန်တက်လာကာ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ လက်ကျန်လည်းနည်းလာချိန်၊ တရုတ်မှလည်း အဝယ်ရှိနေတဲ့အတွက် စျေးတက်လာခြင်းဖြစ်ပြီး ကြက်သွန်နီသည် မရှိမဖြစ် စားဖိုဆောင်သုံးသီးနှံဖြစ်တဲ့အတွက် အရောင်းအဝယ်ကတော့ ပုံမှန် ဖြစ်နေကာ အရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်ပြီး ကြက်သွန်နီစျေးနှုန်းကွာခြားမှုရှိနေကာ သယ်ယူပို့ဆောင်စရိတ်အပေါ်မူတည်ပြီးလည်း စျေးနှုန်းကွာခြားမှုရှိနိုင်တယ်လို့ သိရပါတယ်။

ကြက်သွန်နီစျေးနှုန်းအနေဖြင့် ယခင်တစ်ပတ်(၃.၈.၂၀၂၂)ရက်နေ့တွင် ကြက်သွန်နီ(၁)ပိဿာလျှင် (၁၆၅ဝ)ကျပ်စျေး၊ ယခုတစ်ပတ်(၁၀.၈.၂၀၂၂) ရက်နေ့တွင် (၁၉ဝဝ/၂ဝဝဝ)ကျပ်စျေးဖြစ်တဲ့အတွက် (၂၅ဝ/၃၅ဝ)ကျပ်အထိ စျေးပြန်လည်မြင့်တက်လာပြီး ယခုတစ်ပတ်အတွင်း ပခုက္ကူ ကုန်စည်ဒိုင်တွင် ကြက်သွန်နီပိဿာချိန်(၂၅၈ဝဝဝ)နှင့် ဆိပ်ဖြူကုန်စည်ဒိုင်တွင် ကြက်သွန်နီပိဿာချိန်(၆၄ဝဝဝ)အထိ ဝင်ရောက်ကာ အရောင်း အဝယ်ဖြစ်နေတာကို တွေ့ရပါတယ်။

ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

 

Category: Local News